“Change” ကို ရောက်ပြီလားနှင့် ကျွှန်ုပ်ရဲ့ ဘောင်ဘင်ခတ်သော အတွေးများ


မြန်မာပြည်၌ ဖြစ်ပေါ် နေသော ကဏ္ဍ အရပ် ရပ်၏ ပြောင်းလဲမှု များသည် "အပြောင်းအလဲ" တည်းဟူသော Change မည်သည့် Condition ကို မရောက် သေးဟု သုံးသပ် ရအံ့။
အထူး Focus ပြု၍ တင်ပြ လိုသည်မှာ မီဒီယာ ပြောင်းလဲမှု ကဏ္ဍဖြစ်သည်။ ပိတ်နေသော ကမ္ဘာကြီးမှ ပွင့်အန် ကျလာချိန်၊ အလင်းရောင် ပျို့ပျို့တွေကို ကျွှန်ုပ်တို့  မြင်ရ သကာလ အပြောင်း အလဲဆီ ရောက်ပြီဟု မှတ်ယူ ကြခြင်း ဖြစ်ခြေသည်။
ဝိရိယ ရှေ့ဆောင် ကြိုးပမ်း အားထုတ်မှု များကြောင့် အသီး အပွင့် တချို့ ဖူးငုံ လာဟန် ရှိသော်လည်း၊ ဝေဆာနေသည့် ပန်းခင်း မဖြစ်လာ သေးပေ။ ကဏ္ဍစုံ၌ လိုအပ်ချက် ကြီးစွာ ရှိနေ ပေသည်။
ယနေ့ ဖြစ်ရှိ နေသည့် အနေအထားသည် Change သို့ သွားနေသည့် Route ၌ Transitional Period အဖြစ်၌သာ ရှိနေဆဲဟု မှတ်ယူ ပါသည်။
Conditions အချို့ကို ဥပမာ ပေးလို ပါသည်။
- အစိုးရ ယန္တယား အဆင့်ဆင့်၏ သတင်း အချက်အလက် အပေါ် တာဝန်ခံ ဖြေကြား ပေးမှုများ
- အဆင့်ဆင့်သော သတင်း ထုတ်ပြန်ရေး ယန္တရား လည်ပတ်ပုံနှင့် အချိန်မှီ ဆောင်ရွက် နိုင်စွမ်း၊ ထိရောက်မှု၊ သတင်း အချက်အလက် စားသုံးသူ ပြည်သူများ၏ စိတ်ဆန္ဒ ပြည့်ဝမှု ရှိမရှိ အနေအထား
- တနိုင်ငံလုံး အတိုင်းအတာ ကိုယ်စားပြု နိုင်သည့် သတင်းအချက်အလက် တင်ပြနိုင်မှုနှင့် သတင်း အချက် အလက်များ စုံစီ စေ့စပ်စွာ ပါဝင်ခြင်းများ
ဤသည်သော အခြေအနေ များသည် အစိုးရ ယန္တရား တစ်ခု တည်းကိုသာ အခြေပြု၍ စဉ်းစား ထုတ်နှုတ် ထားသော Conditions များ ဖြစ်ခြေ၏။ ပြည့်စုံခြင်း မရှိသေးသည့် အနေ အထားများကို ကဏ္ဍ တိုင်း၌ တွေ့ရှိ နေရဆဲ ဖြစ်ပေသည်။
တစ်ဖက် ၌လည်း အစိုးရ မီဒီယာ များသည် ၄င်းတို့၏ အစိုးရ အုပ်ချုပ်ရေးကို အားပြု တင်ဆက်သည့် သတင်းများကိုသာ အသားပြု ဖော်ပြလျက် ရှိနေသည်။
ကျွှန်ုပ် မှတ်မိသည့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦး၏ အပြော တစ်ခုအား ကိုးကား ဖော်ပြ လိုပါသည်။
"ဥပဒေ အရ အတည်တကျ ဖြစ်သွားမည် ဆိုပါက၊ လက်ရှိ အစိုးရ သတင်းစာ (ကြေးမုံ၊ မြန်မာ့အလင်း) တို့ကိုပင် ပုဂ္ဂလိက ချပေးသွားဖြစ် ဖြစ်သည်။" ဟု ထိပ်တန်း တာဝန်ရှိသူ တစ်ဦး ဆိုဖူးလေသည်။
ဆိုပါလျှင် ထောက်ပြစရာ ဖြစ်လာ သည်မှာ ယနေ့ သတင်းစာ ၊ ဂျာနယ် များ၏ ထုတ်ဝေခွင့် များကို လူကြီးမင်းတို့က "ထုတ်ဝေခွင့်" ဟူသော စကားလုံး လှလှဖြင့် ထိန်းချုပ် ထားဆဲ ဖြစ်ပါသည်။ လူကြီးမင်း တို့၏ စာနယ်ဇင်းများအပေါ် လွှမ်းမိုးနိုင်ရန် ရည်ရွယ်ချက် ရှိစွာ အကောင် အထည် ဖော်နေခြင်းကြောင့် လက်ရှိ စာနယ်ဇင်း သမားများ မကျေမနပ် ဖြစ်ကာ အငြင်းအခုံ ဖြစ်နေသည့် "စာနယ်ဇင်း" ဥပဒေ မူကြမ်း သည်လည်း သက်သေအဖြစ် ထုတ်နှုတ် ပြလိုပါအံ့။
ထိုတင်ပဲလား ၊ ပိုပါသေးဘိ။
အစိုးရ ပြဌာန်းချက် ဥပဒေ များအရ ရုပ်/သံ ထုတ်လွှင့်ခွင့် ဥပဒေ (Broadcasting Law) မထွက် ရှိသေးပေ၊ သို့သော်လည်း ပုဂ္ဂလိက အမည် ခံ၍ အစိုးရနှင့် မကင်းရာ မကင်းကြောင်း သူများ ဦးစီး ဦးဆောင်များမှ ထုတ်လွှင့်ခွင့် ရနေသည့် SKY Net ကဲ့သို့မျိုး၊ အက်ဖ်အမ် ထုတ်လွှင့်မှု မျိုးကား မည်သည့် ခွင့်ပြု ချက်ဖြင့် ထုတ်လွှင့် နေပါသနည်း။ ကျွှန်တော်တို့တွေ အားလုံး ဥပဒေ အောက်မှာ တန်းတူ ညီမျှ ခံစားခွင့် မရှိလေရော့ သလားဟု မေးစရာ ဖြစ်လာ ပါသည်။
အနှီကား အစိုးရ၏ လုပ်ဆောင် နေမှုများကို ခြုံငုံ မိ၍ သုံးသပ် ထားခြင်းသာ ဖြစ်သည်။
ဆက်ကြည့် ပါအံ့။ ပုဂ္ဂလိက ထုတ်ဝေခွင့် ရသည့် သတင်းစာများ၊ ဂျာနယ်များ၏ ပုဂ္ဂလိကနှင့် ပရော်ဖက်ရှင်နယ် ဆန်မှု မည်မျှ ရှိပြီလဲ။
- သတင်း/ အချက်အလက် ခိုးခြင်း ဖြစ်စဉ်များ
- အရင်းအမြစ် ဖော်ပြမှု အားနည်းခြင်းများ
- လိုရာတွေး၍ အကျ အကောက် လွဲခြင်းများ
- သတင်းတိုက်များ၏ သတင်းထောက် များအပေါ် အနိုင်ကျင့် ပြုမူခြင်းများ
ပြေစရာ တွေကလည်း သောင်းပေါင်း ခြောက်ထောင် ဆိုသလိုလည်း တယ်လည်း စုံလင် လှသကိုး ---- နော့်။ အခြေအနေ အရပ်ရပ်ကို ပုံဖော် ကြည့်လိုက်တော့ မြင်ရတဲ့ မြင်ကွင်းကြီးက တည်လည်း ဗရုတ်သုခ နိုင်တာ ပဲဗျာ။
ထို့ပြင် Social Influence ဟူသော စကားလုံး တစ်လုံးနှင့် Marketing Competing ပွဲစင်၌ မီးစင်ကြည့် ကနေ ရသည့် ပုဂ္ဂလိက မီဒီယာ များ၏ အနေအထား များကိုလည်း သုံးသပ် တင်ပြ လိုပါအံ့။
အနှီ Social Influence ဟူသော စကားလုံး အသုံး အနှုန်း ကိုတော့ မီဒီယာတွေ ကြိုက်ချင်မှ ကြိုက်လိမ့် မပ၊ သို့သော် တစ်ကယ် ရှိနေသည့် အခြေအနေ တစ်ခုဟု သုံးသပ် ရသည်။ နို့ ဒီလို ဆိုရခြေ သနည်းဟု တွက်ဆ ပါမူ
လက်ရှိ ကာလသည် ပုဂ္ဂလိက မီဒီယာများ ရေရှည် ရပ်တည်နိုင်ရေး အတွက် ခိုင်မာသော ဈေးကွက် တစ်ရပ် အတွက် သန်း (၆၀) သော ပြည်သူကို ပစ်မှတ် ထားကာ သူသူငါငါ ငါးစာချ နေသည့် အချိန် ဖြစ်သည်။ စတုတ္ထ မဏ္ဍိုင်၏ အဓိက တာဝန် သုံးရပ် အနက် (Entertain Section) နှင့် (Inform Section) အချို့ကိုသာ တင်ပြနိုင်ခဲ့ပြီး Educate Section ကို အနည်းငယ်သာ တွေ့ရသည်။
အချက်အလက် အသားပေး ဖော်ပြ မှုထက် ပြည်သူ အကြိုက် ခံစားချက် အသားပေး ဖော်ပြမှုမျိုး ဖြစ်လာ နေသည်။ ပြည်သူ အကြိုက် ပြည်သူ အကြိုက် လိုက်ရင်းက Editorial သည်လည်း ပြည်သူ ကြိုက်ရာ သတင်းရပ်ဝန်း များသို့ ခဏ ခဏ Shuffle လုပ်ရသည့် အဖြစ်မျိုး ရောက်ရ လေသည်။ သတင်းဌာနတို့၏ Own E/d ရပ်တည် ရေးသားမှု လွှမ်းမိုးခြင်း အားနည်း ခဲ့သည်။
အချက်အလက် အခိုင်အမာ ပုံစံ တကျနဲ့ ရေးသား ကြပါ သော်လည်း ပြည်သူမကြိုက်၊ ပြည်သူ မဝယ်လျှင် အနာဂါတ်မှာ ထမင်းအိုး ကွဲကြမယ့် မီဒီယာတွေ အဖြစ်၊ ထိုအခြေ အနေမျိုး မရောက်အောင် သူသူငှာငှာသော သတင်းတိုက်များက ထိန်းရင်း ညှိရင်း ပြည်သူ့ အကြိုက် လိုက်လျော ရတာပ။
ထို့ပြင် နည်းပညာပိုင်း လိုအပ်ချက်၊ လူသား အရင်းအမြစ် လိုအပ်ချက်၊ စသော စသော အရာရာသော လိုအပ်ချက် တွေနဲ့ မီဒီယာ ဆိုသည့် ကဏ္ဍ တစ်ခုရဲ့ အောင်မြင်မှု စီးကြောင်းကြီးထဲမှာ မျောပါ နေကြဆဲ။
မည်သူမျှ မပြည့်စုံ သေးသည့် ကာလ၌ အစိုးရကို ကျွှန်တော်တို့ အပစ်တင် ရမည်လား ?
ကျွှန်တော်တို့ ကိုယ်ကို ကျွှန်တော်တို့ အပစ်တင် ရမည်လား ?
နှစ်ဘက်စလုံး တာဝန်ရှိသည်ဟု ဆိုရာ၌ အစိုးရ၌ သာ၍ တာဝန်ရှိသည်ဟု ထောက်ပြ ချင်ပါသည်။
အစိုးရသည် တိုင်းပြည် တစ်ပြည်၏ အုပ်ချုပ်ရေး ယန္တရား၊ တရားစီရင်ရေး ယန္တရား၊ ဥပေဒ ပြုရေး ယန္တရား များ၏ ရင်းမြစ် ဖြစ်သလာလ ပြည်သူ လူထုကို အကျိုးပြုစေသော ဥပဒေများ ပြဌာန်း နိုင်ရန်အလို့ငှာ စွမ်းဆောင် နိုင်ခြေ ရှိခြင်း၊ လက်တွေ့ကျင့်သုံး လည်ပတ်မည့် ယန္တရား ရှိခြင်း၊ လူအင်အား အရင်းအမြစ် ရှိခြင်း စသည့် ယန္တရား များကို ပိုင်ဆိုင် သူလည်း ဖြစ်သည်။
ထို့ကြောင့် ပုဂ္ဂလိက ယန္တရားထက် သာ၍ လူအင်အား အရင်းအမြစ် ရှိသော၊ နည်းပညာ အရင်းမမြစ် ရှိသော၊ လုပ်ငန်း အကောင်အထည် ဖော်မှုကို ထောက်ပံ့ပေးမည့် အဆင့်ဆင့်သော အဖွဲ့များ ရှိသည့် အစိုးရက အခြား ယန္တရား များထက် သာပေ လိမ့်မည် ဖြစ်သည်။
ဆိုကာလ အားလုံးသော အားလုံးသော စီးကြောင်းများက အပြောင်းအလဲ လမ်းကြောင်း ကြီးရဲ့ Transitional Period မှာပင် ရှိနေသည် ဟုသာ မှတ်ချက် ပြုရင်း နိဂုံး ချုပ်အပ်ပါသည် ခင်ဗျား။

လေးစားလျက်
Aow Kou Rot
9/8/2013

(မှတ်ချက် - ကျွှန်တော်သည် မပြည့် သေးသည့် အိုးတစ်လုံးသာ ဖြစ်၍ ၊ အနှီ အရေးအသားများ ဘောင်ဘင် ခတ်နေ သည်ဟု ယူဆပါမူ၊ ကျေကျေ နပ်နပ် ခံယူ ပါကြောင်း၊ မပြည့် သေးသည့် ရေအိုးအား အမြဲ ဖြည့်ရန် ကြိုးပမ်း နေသူဖြစ်၍ မပြည့် ခြင်းကို ဗွေမယူ ကြပါရန် ပန်ကြား ပါရစေ။ ကျွှန်တော်၏ မြင်မိမြင်ရာ အာဘော် များသာ ဖြစ်ပါသည်။)

0 တင်ကႝုကသပ်:

 

Flickr Photostream

Meet The Author