ဝေဖန်ရေးနှင့် မိမိကိုယ်ကို ဝေဖန်ရေး


ဒီစကားလုံး နှစ်လုံးရဲ့ အတိမ် အနက်ကို တောပုန်း ဘွက (၁၀) နှစ်လောက် အချိန်ယူပြီး တွေးခဲ့ ဖူးတယ်။ အခုထိ တွေးနေဆဲ ဝေဖန် နေဆဲ သုံးသပ် နေဆဲ ၊ လေ့လာ နေဆဲ ၊ သင်ယူ နေဆဲ၊ ဆည်းပူး နေဆဲပါ။

သတင်း မှာတော့ ပညာသည် ပီသမှု (Professional) ဖြစ်မှုနဲ့၊ ဘက်မျှမှု (Balance) ဖြစ်မှု တို့နဲ့ သဏ္ဍာန် တော်တော် တူတယ်။

လူတဦးချင်း၊ လူတစုခြင်း၊ အဖွဲ့ တစ်ခုခြင်း စသဖြင့် အဆင့်ဆင့် "ငါ" ဆိုတဲ့ အတ္တနဲ့ စွဲပြီး အရင်ဆုံး စဉ်းစား တတ်ပါတယ်။

ငါလူမျိုး၊ ငါ့အဖွဲ့ ၊ ငါ့အစု ၊ ငါ့ --- ၊ ငါ့---- စသဖြင့်ပေါ့။


ကျနော်တို့ လူတွေ ဆိုတဲ့ မနုသ တွေက အတ္တကို အမြဲ ခါးပိုက်၊ မာန ဆိုတဲ့ အမိုက်တရားကို ဘောင်ခတ် မျက်မှန်ပြုပြီး အရာအားလုံး ကြည့်တတ် ကြတယ်။ အဲဒီတော့ "ဝေဖန်ရေး" ဆိုတဲ့ နေရာမှာ သူများကို ဝေဖန်တဲ့ နေရာမှာ ထက်သလောက်၊ ကိုယ့်ကိုယ်တိုင် အဝေဖန် ခံရတော့

လား လား လား

အတ္တတွေ တနံတလျား ခြုံပြီး ပေးလာတဲ့ ဆင်ခြေတွေ။ ဟုတ်ပါတယ်။ တခါ တလေတော့ မင်းဘက်က ကြည့်တော့ လက်ဖမိုး ၊ ငါ့ဘက်က ကြည့်တော့ လက်ဖဝါး ဆိုတဲ့ အဖြစ်တွေ ရှိတတ် ပေမယ့်။ မျှတမှုကို လိုချင်ရင် ကိုယ်ကိုင်တိုင် မျှမျှ တတ တွေးတတ်၊ သုံးသပ် တတ်ဖို့ လိုပါတယ်။

ထို့ကြောင့် ငါနှင့် ယှဉ်ပြီး တွေးရင် ငါမှန်တာ ဖြစ်တတ်သလို၊ ငါနဲ့ အများနဲ့ ယှဉ်ပြီး တွေးရင်ကော၊ အများနဲ့ အများ အများကြီးနဲ့ ယှဉ်ရမယ် ဆိုရင်ကော။

0 တင်ကႝုကသပ်:

 

Flickr Photostream

Meet The Author