ကျနော် ဆယ်တန်း ကျောင်းတက် ခဲ့တဲ့ နေရာလေးပေါ့။ ခညားတို့ အနေနဲ့ သူပုန်စခန်းလို့ ခေါ်ချင် ခေါ်မယ်၊ ကျနော့် အတွက် ပညာသင်ကြား ခဲ့တဲ့ နေရာလေးပေါ့။
ကျောင်းသားတွေ စားဖို့ ထမင်း ကျောင်းသားတွေ ကိုယ်တိုင် ချက်ရတယ်၊
ကျောင်းသားတွေ ထမင်း ချက်ဖို့ထင်း ကျောင်းသားတွေ ကိုယ်တိုင် ပေါက်ရတယ်၊
ကျောင်းသားတွေ ငတ်ကြီး ကြတော့ ရိက္ခာ ဂိုဒေါင်ထဲက ငါးခြောက်တွေ ကြက်ဥတွေ ငါးသေတ္တာတွေ ပဲခြမ်းတွေ အချိုမှုန့်တွေ ဆီတွေ ခိုးကြတယ်။
ငတ်လို့ ပြတ်လို့ ကင်းခြေများ၊ ကင်းမီးကောက်ရှာပြီး ဝက်ကို အကိုက်ခိုင်းတဲ့ ကျနော်တို့ (ဝက်သေရင် ဝက်သားဟင်း စားရမှာကိုး)
လူစွမ်းကောင်း ကိုးယောက်နှင့် ခွေးတစ်ကောင် ဆ႘ုတဲ့ ဂန္တဝင် ဇာတ်လမ်း တစ်ပုဒ်ကို မွေးဖွား ပေးရာ ဘူမိနက်သန်။
ဟင်းရွက်ရှာ မျှစ်ချိုး သွားရင်း ချောင်းရေထဲမှာ မျောရတာလည်း အခါခါ။
ဟိုသူငယ်ချင်း တစ်ယောက် ကလိုရင်း အမှုန့်ကို အရည်ဖျှော် သောက်လို့ ညတွင်းချင်းကြီး ဆေးရုံကို တောင်ဖြတ် ချောင်းဖြတ်ပြီး လိုက်ပို့ ရတာလည်း အမော။ ညီစား ဌာနမှ ကျွှဲကြီးများဟု သမုတ်ခံရတဲ့ အထဲ ပါဝင်လေတဲ့ ကျနော်။
၁၀ တန်း ဖြေခါနီး တစ်လ အလိုမှာ ပုံနှိပ် စာအုပ်တွေ အားလုံး မီးရှို့ပြီး ဆယ်တန်း ဖြေခဲ့တဲ့ ခေါင်းမာဂိုဏ်း အဖွဲ့ဝင် ကျနော်တို့ (အားလုံး ၁၅ ယောက် ပါတယ်) ။ တစ်ကယ်တော့ ညီစားဟာ ကျနော်တို့ တွေကို လောကကြီးမှာ ဒုက္ခတွေ ရင်ဆိုင်ရတဲ့ အခါ တည်တည် ငြိမ်ငြိမ် အန်တု တတ်အောင် သတ္တိတွေ မွေးဖွား ပေးခဲ့တယ်။
စစ်သားချင်း တူရင်တောင်မှ ၊ ရိုးရိုးကြည်းတပ်နဲ့ SEAL တပ် ကွာသလို၊ ကျနော်တို့က SEAL ကျောင်းသားတွေ ဖြစ်ခဲ့ပါတယ်။
ဘာလိုလိုနဲ့ အားလုံးကို လွမ်းမိဆဲပေါ့။


0 တင်ကႝုကသပ်:
Post a Comment